ဆေးမှူး ခူးပါးရယ် ကို ကရင်နီပြည် လွိုင်ကော်မြို့ ထေးသမ ကျေးရွာတွင် ဖခင် ခူးပေါ့လု နှင့် မိခင် မော်ခါးမြာ တို့က (၁၉၇၇) ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ ခူးပါးရယ် သည် သားသုံးယောက်အနက် ဒုတိယမြောက်သားဖြစ်ပါသည်။
ထေးသမ မူလတန်းကျောင်း၊ ချိကယ် အလကကျောင်း နှင့် ကရင်နီပြည်လွတ်မြောက်နယ်မြေဒေသတို့တွင် ၁၉၉၅ ထိ ပညာသင်ကြားခဲ့ပါသည်။
ထိုနောက် ကရင်နီဒုက္ခသည်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အခြေခံဓါတ်ခွဲမှူး သင်တန်းကို တက်ရောက်သင်ကြားကာ ကရင်နီဒုက္ခသည် ဆေးဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ တာဝန်ထမ်းဆောင်စဉ်ကာလတွင် အခြားဝန်းထမ်းများနည်းတူစွာ စေတနာ၊ ဝါသနာ၊ ရက်ရောမူနှင့် အတူထမ်းဆောင်ရင်း ဆေးခန်းဓါတ်ခွဲမှူး တာဝန်ခံအဖြစ် ထပ်မံ တာဝန်ထမ်းဆောင်ရပါသည်။
ထိုမှတဆင့် ၂၀၀၁ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ဆေးမှူးအတတ်ပညာ သင်တန်းကို ဆက်လက်တက်ရောက်သင်ယူပြီး ဆေးမှူးရာထူးအဖြစ် ကရင်နီဒုက္ခသည် ကျန်းမားရေးဌာနနှင့် ကရင်နီပြည်နယ်တွင်းတွင်လည်း ကျော့ပို့အိတ်ဆေးမှူးအဖြစ် ၂၀၀၉ အထိ စေတနာ၊ ဝါသနာ၊ အနစ်နာတို့နှင့် တာဝန်ကျေပွန်စွာ ထပ်မံ ထမ်းဆောင်ခဲ့ပါသည်။
၂၀၀၉ ခုနှစ် မတ်လတွင် မိသားစုနှင့်အတူ တတိယနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ အခြေချနေထိုင်ခဲ့ပါသည်။ ထို့သို့ အမေရိကန်နိုင်ငံတွင် နေထိုင်ရာလည်း ဘဝတူ ကရင်နီအမျိုးသားများ၏ လူမူရေး၊ သာရေး၊ နာရေး၊ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းရာတွင်လည်း စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်ပြီး အေးချမ်းစွာ နေထိုင်ခဲ့ပါသည်။
Parreh Ngar, 47, passed away on Saturday, May 25, 2024, in Des Moines, Iowa. He was born on January 1, 1977, in Htay Ta Mar village, Loikaw, Karenni State, to his father, Khu Paul Lu, and his mother, Maw Ka Myar.
From 2001 to 2002, Parreh completed his medic certification and went on to serve as a paramedic with the Karenni Refugee Health Department until 2009. As a healthcare worker, Parreh performed his duties with dedication, passion, and a sense of sacrifice.
In 2009, he and his family resettled in the United States, where he later spent the rest of his life. In America, Parreh continued to be a pillar of the Karenni community, actively participating in preserving cultural traditions and supporting social, religious, and community events. His outgoing personality and humor endeared him to everyone he met, making him a beloved figure among friends and family.
Parreh is survived by his wife and four children. His friends, family, and the community will forever remember him for his warmth, humor, and the unwavering love he shared with those around him.
Parreh’s memory will live on in the hearts of all who knew and loved him. His life was a testament to the power of kindness, community, and enduring love.